Home » BackGround History

BackGround History

FB_IMG_1488469554552

ပြည်တက္ကသိုလ် သမိုင်းအကျဉ်းချုပ်

ပြည်တက္ကသိုလ်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းနယ်မြေ၊ ရွှေတစ်ချောင်းလမ်းမပေါ်တွင် တည်ရှိပြီး မြောက်လတ္တီတွဒ် ၁၈. ၄၉’ ၃၉.၃” နှင့် အရှေ့လောင်ဂျီကျု ၉၅. ၁၃’ ၃၃.၄” အတွင်း တည်ရှိပြီး နယ်မြေအကျယ်အဝန်းမှာ ၄၉.၈၁ ဧက ကျယ်ဝန်းပါသည်။

ပဲခူးတိုင်းဒေသကောလိပ်(ရွှေတောင်)ကို (၂၇-၅-၁၉၇၇)တွင် ရွှေတောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၁၀-၄-၁၉၇၉)တွင် ရွှေတောင်မြို့မှ ပြည်မြို့သို့ပြောင်းရွှေ့ပြီး အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)ကို ပဲခူးတိုင်းဒေသကောလိပ်(ပြည်) အဖြစ်လည်းကောင်း (၃၀-၁၁-၁၉၈၁) တွင် ပြည်ကောလိပ်အဖြစ် လည်းကောင်း၊ (၂-၉-၁၉၉၆)တွင် ပြည်ဒီဂရီကောလိပ်အဖြစ် လည်းကောင်း၊ (၁၁-၁၁-၁၉၉၉)တွင် ပြည်တက္ကသိုလ်အဖြစ်လည်းကောင်း အဆင့်ဆင့် တိုးမြှင့် ဖွင့်လှစ်ခဲ့ ပါသည်။